Hong Kong Macau Trip

DAY 01: ရန်ကုန် - ဟောင်ကောင် (-/-/Dinner)

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် မှ မြန်မာ့ အမျိုးသားလေကြောင်းလိုင်း  ရန်ကုန်မှဟောင်ကောင်သို့ စတင်ထွက်ခွာပါမည်။ ဟောင်ကောင်လေဆိပ်သို့ ရောက်ရှိပြီး ဧည့်လမ်းညွှန်နှင့်တွေ့ဆုံကာ ကမ္ဘာ့အကြီးဆုံးကြေးသွန်းဘုရား (၄)ဆူတွင် တစ်ဆူအပါအဝင်ဖြစ်သော ထိုင်တော်မူ Tian Tan Buddha သို့သွားရောက်ဖူးမျှော်ပါမည်။ နာမည်ကျော် City Gate Outlet တွင်စျေးဝယ်ရန် ပို့ဆောင်ပေပြီးနောက်  ညနေစာသုံးဆောင်ကာ ဟောင်ကောင်မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူ ပါမည်။

 

DAY 02: ဟောင်ကောင်-မကာအို (Breakfast/Lunch/Dinner)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ဗစ်တိုးရီးယားတောင်ထိပ် (Victoria Peak) သို့ One way tram ဖြင့်တက်ရောက်ပြီး တောင်ထိပ်မှ ဟောင်ကောင်မြို့၏ ခေတ်မှီတိုးတက်သော အလှကိုခံစားရင်း အလှ ဓါတ်ပုံများရိုက်ယူ နိုင်ရန်ပို့ဆောင်ပေးမည်ဖြစ်သည်။ နာမည်ကျော် ဇာတ်ကောင်များ၏ လက်ရာများဖြင့် ဖန်တီးထားသော Star of Garden နှင့် လွတ်လပ်ရေးကျောက်တိုင် Golden Bauhinia Square၊ Bell Tower သို့သွားရောက်လည်ပတ်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် မကာအိုသို့ ferry သင်္ဘောဖြင့် သွားရောက် လည်ပတ်ပါမည်။ မကာအို၏သမိုင်းဝင် A Ma Temple နှင့် နာမည်ကျော် Casino များနှင့် Gondola Ride စီးကာ Venetian Shopping တွင်စိတ်ကြိုက် စျေးဝယ်ပါမည်။ ညနေစာ သုံးဆောင်ပြီးနောက် မကာအိုမြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

DAY 03: မကာအို - ဟောင်ကောင် (Breakfast/Lunch/Dinner)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ကမ္ဘာအသိအမှတ်ပြု Ruins of St.Paul’s ဘုရားကျောင်းနှင့် Senado Square သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် Macau Tower သို့တက်ရောက်ပြီး Golden Lotus Square, Grand Prix Museum နှင့် Museu do Vinho de Macau သို့သွားရောက် လည်ပတ်ပါမည်။ ဟောင်ကောင်သို့ ညပိုင်း သင်္ဘောဖြင့်ပြန်လည်ထွက်ခွာပြီး ဟောင်ကောင်မြို့ရှိ ဟိုတယ်တွင် အိပ်စက်အနားယူပါမည်။

 

DAY 04: ဟောင်ကောင် (Breakfast/-/ )

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် နာမည်ကျော် Disney Land Theme Park ကစားကွင်းတွင် Ride များအားစိတ်ကြိုက် ဆော့ကစားပြီးနောက် ဟိုတယ်တွင်အိပ်စက်အနားယူပါမည်။

 

DAY 05: ဟောင်ကောင် (Breakfast/Lunch/-)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Wong Tai Sin Temple ၊ Nan Liam Garden နှင့် Tasing Ma Bridge သို့သွားရောက် လည်ပတ်ပါမည်။ နေ့လည်စာသုံးဆောင်ပြီးနောက် လေဆိပ်သို့ပြန်လည်ထွက်ခွာပြီး ရန်ကုန်သို့ စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်ရောက်ရှိပါမည်။

*****ပျော်ရွှင်ဖွယ် ခရီးစဉ်လေးတစ်ခု ဖြစ်ပါစေ ။*****

Detail 06 Pax 10 Pax
Air Ticket 360 USD 360 USD
3 Stars in Hong Kong and 4 Stars Hotel in Macau  965 USD 866 USD
Single Supplement 275 USD 275 USD

 

***** ခရီးစဉ်တွင် ပါ၀င်သောဝန်ဆောင်မှုများ *****

-ကြယ်လေးလေးပွင့် အဆင့်ရှိဟိုတယ်တွင် တည်းခိုခ(၁ခန်းလျှင် ၂ဦးနှုန်း)
-ခရီးစဉ်တွင် ပါ၀င်သော ၀င်ကြေးများ
-ခရီးစဉ်တွင် ဖော်ပြထားသော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
-ဒေသဆိုင်ရာ ဧည့်လမ်းညွှန်
-ပို့ဆောင်ရေး အစီအစဉ်များ
-ဟောင်ကောင်ဗီဇာကြေး ၊ မကာအိုဗီဇာကြေး

 

င်ကောင်ဗီဇာ လျှောက်ရန်လိုအပ်ချက်များ

- နိုင်ငံကူးလက်မှတ် Passport မူရင်း
- ကာလာဓာတ်ပုံ ( ၂ ) ပုံ ( ၂ လက်မပတ်လည် နောက်ခံအဖြူရောင် )
- မှတ်ပုံတင် မူရင်း
- အိမ်ထောင်စုစာရင်း မူရင်း
- ဘဏ်စာအုပ်မူရင်း အနည်းဆုံး ( ၁၅ )သိန်းနှင့် အထက် Bank Statement မူရင်းပူးတွဲတင်ပြရမည် ။

သွားမည့်အချိန်ကာလပေါ် မူတည်၍ လေယာဉ်လက်မှတ် စျေးနှုန်းအပြောင်းအလဲ ရှိနိုင်ပါသည် ။