Bangkok Trip 3 Nights 4 Days

Day 1 - ရန်ကုန် - ဘန်ကောက်  ( နေ့လည်စာ၊ညစာ )

ရန်ကုန်အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံ လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ဘန်ကောက်မြို့သို့ ပျံသန်းရောက်ရှိမည် ဖြစ်ပါသည်။ ဘန်ကောက် လေဆိပ်တွင် ဒေသဆိုင်ရာ ဧည့်လမ်းညွှန်မှ လာရောက် ကြိုဆိုပြီး နေ့လည်စာ သုံးဆောင်ပါမည်။ နေ့လည်စာ သုံးဆောင်ပြီးနောက် ဖယောင်းပြတိုက်နှင့် ရေအောက်ကမ္ဘာသို့သွားရောက် လည်ပတ်ပါမည် ။ ထို့နောက် Siam Paragon တွင် ပျော်ရွှင်စွာစျေးဝယ်လည်ပတ်ပါမည် ။ ထို့နောက် ညစာကို စားသောက်ဆိုင်တွင် သုံးဆောင်ပြီးနောက် ဟိုတယ်တွင် Check In ၀င်ရောက်ကာ အေးချမ်းစွာ အနားယူအိပ်စက်မည်ဖြစ်ပါသည် ။

 

Day 2 - ဘန်ကောက် (မြဘုရား)   (မနက်စာ၊နေ့လည်စာ၊ညစာ)

ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးနောက် ထိုင်းနိုင်ငံ၏ တန်ခိုးကြီး ဘုရားတစ်ဆူ ဖြစ်သော Emerald Buddha ခေါ် မြဘုရားအား သွားရောက် ဖူးမျှော်ပါမည်။ ဆက်လက်၍ အနောက်တိုင်း ဗိသုကာလက်ရာများ ပေါင်းစပ်ထားသော ထိုင်းဘုရင့်နန်းတော်သို့ သွားရောက် လည်ပတ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ပါမည်။ ထို့နောက် Dream World သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကို Dream World အတွင်းရှိ စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ ပြီးနော်က ပျော်ရွှင် ရင်ခုန်ဖွယ် ကောင်းသော Rollar Coasterများ၊ Hanging Coaster, Space Mountain, တိုက်ကားမောင်းခြင်း၊ ကောင်းကင် ကြိုးရထားစီးခြင်းနှင့် များပြားလှသော  ကစားနည်း မျိုးစုံကို လွတ်လပ် ပျော်ရွှင်စွာ ပါ၀င်ဆင် နွှဲနိုင်ပါသည်။ နေ့လည်စာကို ပန်းခြံအတွင်းတွင် ရှိသော စားသောက်ဆိုင်တွင် သုံးဆောင်ပါမည်။ နေ့လည်စာသုံးဆောင် ပြီးနောက် Snow Town ဟုခေါ်သော နှင်းမြို့တော်သို့ ၀င်ရောက်ပြီး အေးချမ်းလှသော အရသာကို ခံစားပြီး နှင်းလျောစီး ကြပါမည်။ ထို့နောက် ညစာကို ကျောက်ဖရားမြစ်အတွင်း အပျော်စီးသဘောင်္ပေါ်တွင် ဘူဖေးညစာသုံးဆောင်ရင်း ဘန်ကောက်မြို့အလှကို ကြည့်ရှုခံစားပါမည် ။ ပြီးနောက် ဟိုတယ်တွင် တစ်ညတာ အေးချမ်စွာ အိပ်စက်အနားယူမည်ဖြစ်ပါသည် ။

 

Day 3 - ဘန်ကောက် - Safari World   ( မနက်စာ၊နေ့လည်စာ၊ညစာ )

ဟိုတယ်တွင် နံနက်စာသုံးဆောင် ပြီးနောက် တိရစ္ဆာန် ဥယျာဉ်အတွင်းရှိ တောလည်ခရီးဟု အမည်ပေးထားသော Safari World နှင့် Marien Park ဥယျာဉ်သို့ သွားရောက် လည်ပတ်ပါမည်။ Safari World အတွင်းတွင် Stunt Show နှင့် လင်းပိုင်လေးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှု ခံစားမည် ဖြစ်ပါသည်။ ထို့နောက် နေ့လည်စာကို Marien Park ဥယျာဉ်အတွင်းတွင် သုံးဆောင် ပါမည်။ နေ့လည်စာသုံးဆောင်ပြီးပါက ဘန်ကောက်မြို့ရှိ MBK Shopping Mall သို့လိုက်ပါပို့ဆောင်ပေးမည် ဖြစ်ပြီး ပျော်ရွှင်စွာ စျေးဝယ်လည်ပတ်နို်င်ပါသည် ။ ညစာကို ကူပွန်ဖြင့် MBK Shopping Mall တွင် သုံးဆောင်နို်င်မည် ဖြစ်ပြီး ထို့နောက် စုရပ်မှ ဟိုတယ်သို့ ပြန်လည်ပို့ဆောင်ပေးမည် ဖြစ်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အနားယူအိပ်စက်မည်ဖြစ်ပါသည် ။

 

Day 4 - ဘန်ကောက် - ရန်ုကုန် ( မနက်စာ )

ဟိုတယ်တွင် ဟိုတယ်တွင် နံနက်စာ သုံးဆောင်ပြီးပါက အဝတ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများ လက်လီ၊လက်ကားရောင်းချရာ စျေးဝယ်စင်တာသို့ ပို့ဆောင်   ပေးမည်ဖြစ်ပါသည်။ ထို့နောက် သတ်မှတ်ချိန်တွင် စုရပ်မှ ဘန်ကောက် လေဆိပ်သို့ထွက်ခွာလာပြီး လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပျံသန်း ရောက်ရှိမည်ဖြစ်ပါသည်။

 

Hotel 2 Pax 3-5 Pax Single Supplement
3* Hotel 455 USD 390 USD 55 USD

 

***** ခရီးစဉ်တွင် ပါ၀င်သော ၀န်ဆောင်မှုများ *****

- ဟိုတယ်တွင်တည်းခိုခ (နှစ်ယောက်တစ်ခန်းနှုန်း)

- ခရီးစဉ်တွင် ပါ၀င်သော ၀င်ကြေးများ

- ခရီးစဉ်တွင် ဖော်ပြပါ နံနက်စာ၊နေ့လည်စာ၊ညစာ

- ဒေသဆိုင်ရာဧည့်လမ်းညွှန်

- Driver and Guide အတွက် Tipping

 

***** ခရီးစဉ်တွင်မပါ၀င်သော ၀န်ဆောင်မှုများ *****

- လေယာဉ်လက်မှတ်အသွားအပြန်

- ဟိုတယ်တွင် အပိုသုံးစွဲသော အဖျော်ယမကာ

- စားသောက်ဆိုင်များတွင် အပိုမှာယူသုံးဆောင်သော အစားအေသာက်

- ခရီးစဉ်တွင် မပါ၀င်သော နေရာများအားသွား ရောက်လည်ပတ်ခြင်း

- လေယာဉ်တွင် ကီလိုအပိုသယ်ဆောင်ခွင့်